ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြိုနယ် တိုင်းရင်းဆေးကုဌာနမှ ၁၅-၅-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နော်သိန်းသိန်းနွဲသည် အင်္ဂပူမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် မိခင်နှင့်ကလေးအဖွဲ့နှင့်ပူးပေါင်း၍ ကွင်းဆင်းဆေးကုသမှု ပေးခဲ့ရာ ကျား(၅) ဦး၊ မ(၂၀) ဦး စုစုပေါင်း (၂၅) ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး မီးဖိုချောင်သုံးဆေးဘက်ဝင် အပင်များအကြောင်းကို လူဦးရေ (၃၅)ဦး အား ပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။