ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၁၄-၅-၂၀၂၄) ရက်နေ့တွင် ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့်ဆေးခန်းအကူ ဦးမောင်မောင်ဦးသည် ရွှေတောင်မြို့ ရွှေကြာတင်သာသနာ့ရိပ်သာသို့ ကွင်းဆင်းဆေးကုသမှု ပြုလုပ်ရာ ကျား (၃၅)ဦး၊ မ(၅၀)ဦး၊ စုစုပေါင်း(၈၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး တိုင်းရင်းဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။