ဧရာဝတီတိုင်းဒေသကြီး (၁၆) ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်နှင့် ဆရာမ အဖွဲ့ဝင် (၅) ဦးတို့သည် (၄.၅.၂၀၂၄) ရက်၊ စနေနေ့တွင် ပုသိမ်မြို့နယ်၊ မျဉ်းကြောင်းကျေးရွာ ၊ မျဉ်းကြောင်း ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား(၁၇)ဦး၊ မ (၂၇)ဦး၊ စုစုပေါင်း (၄၄)ဦးတို့ အား တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။