the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ထားဝယ်ခရိုင် တိုင်းရင်းဆေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော တိုင်းရင်း‌ဆေးပညာပေးရေးအစီအစဉ် (CTME) ကျင်းပခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် တိုင်းရင်းဆေး ပညာဦးစီးဌာနနှင့် ထားဝယ်ခရိုင် တိုင်းရင်းဆေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော တိုင်းရင်း‌ဆေး ပညာပေးရေးအစီအစဉ် (CTME) ကို (၂၈-၂-၂၀၂၄)ရက်၊ နံနက်(၁၁)နာရီ၊ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင်သဘာပတိအဖြစ် တိုင်းဒေသကြီးဦးစီးဌာနမှူး(ငြိမ်း) ဆရာကြီးဦးမြင့်သိန်းလွင်မှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဒေါ်ထက်ထက်(ဇော်ဂျီနှစ်ပါးဆေးတိုက်)မှဆောင်ရွက်ခဲ့ပါသည်။

ထားဝယ်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဆရာမဒေါ်မော်မော်ဝေက အအေးမိ၊ နှာစေး၊ နှာရည်ယိုခြင်း၊ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းစာတမ်းကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော ဆရာ၊ဆရာမများ၊ တက်ရောက်လာသူများမှ စိတ်ဝင်စားစွာ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်သူ(၃၅)ဦးရှိပြီး နေ့လည်(၁)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ