the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ၅-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင့်လွင်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အတွင်းရေးမှူး ဦးဝင်း​ဇော်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)နှင့် အသင်းဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းမြင့်၊ အတွင်းရေးမှူးနှင့်တိုင်းရင်းဆေးဆရာများ၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူး ဒေါ်သန်းသန်းဆွေ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အိအိဖြိုး၊ ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်၊ တွံ့တေးမြို့နယ်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် ကွမ်းခြံကုန်းမြို့နယ်မှဒု-တိုင်းရင်းဆေးမှူးဒေါ်ဝေဝေနိုင်တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ထောအောက်ကျေးရွာအုပ်စု ကြာဖြူကန်ကျေးရွာရှိ အေးကမ္ဘာချမ်းသာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ပုရိ၀ုဏ်အတွင်းရှိ အေးကမ္ဘာချမ်းသာဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးဝါးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်  ကျေးရွာသူကျေးရွာသားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ရောဂါဖြစ်ပွားမှုအခြေအနေအရ ဆေးဝါးများပေးအပ်ခြင်း၊ ဒူးနာ ခါးနာ၊ အကြောဝေဒနာရှင်များအား လက်တွေ့ ကုသမှုပေးခြင်းတို့ ဆောင်ရွက်ကြရာ လာရောက်ကုသမှုခံယူသူများက ဝမ်းသာလျက်ရှိကြပြီး နောင်အလျဉ်းသင့်သည့်အချိန်တွင်လည်း လာရောက်ကုသပေးစေလိုကြောင်းနှင့် ယခုလိုလာရောက် ကုသပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြကြောင်းနှင့် တိုင်းရင်းဆေးပညာဖြင့်  ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် လူနာ စုစုပေါင်း ၁၁၃ ဦးကို ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်