the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်​ကောက်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ (၂၁.၁၁.၂၀၂၃) ရက်​နေ့တွင်၊ ပဲခူးတိုင်း​ဒေသကြီး၊ တိုင်းရင်း​ဆေးပညာဦးစီးဌာန၊ တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ ကြို့ပင်​ကောက်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ဦးသက်လုံဦး နှင့် အုတ်ဖိုမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ ​ မြို့နယ်တိုင်းရင်း​ဆေးမှူး ဒေါငြိမ်းငြိမ်းစိုးတို့ပူး​ပေါင်း၍ (၂၂)ကြိမ်​မြောက် မြန်မာ့တိုင်းရင်း​ဆေးသမား​တော်များညီလာခံနှင့် တိုင်းရင်း​ဆေးပညာနှီး​နှောဖလှယ်ပွဲအကြိုကွင်းဆင်း​ဆေးကုသခြင်းကို ကြို့ပင်​ကောက်မြို့နယ် သိုက်တူးကုန်း​ကျေးရွာ၌ ​ဆောင်ရွက်​ပေးခဲ့ရာ လူနာကျား(၁၇)ဦး မ(၂၁)ဦး​ပေါင်း (၃၈)ဦးအားဆေးကုသမှု​ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း