ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ၅.၁၀.၂၀၂၃ ရက်နေ့တွင် အင်းရဲတိုက်နယ်၊အ.ထ.က စာသင်ကျောင်း၌ ကွင်းဆင်းဆေးကုရာတွင် ကျား(၅၀)ဦး၊ မ(၅၇)ဦး လူနာစုစုပေါင်း (၁၀၇)ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး တိုင်းရင်းဆေးပညာသိကောင်းစရာအကြောင်းကို လူဦးရေ(၅၂)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။