အဆိုပါ ကွင်းဆင်းဆေးကုသမှုကို အင်္ဂလုံးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နံနက် (၉)နာရီ မှ ညနေ (၃)နာရီအထိ ပြုလုပ်ပေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိူင်နှင့် ဆေးခန်းအကူ ဒေါ်နန့်ရွှေဌေးတို့မှ စမ်းသပ် ကုသပေး ခဲ့ကြပြီး ဆက်လက်ပြီး တိုင်းရင်းဆေးပညာဖြင့် လေဖြတ်လေငန်း၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ချောင်းဆိုး၊ ရင်ကြပ်၊ မီးယပ်၊ သူငယ်နာရောဂါ လူနာ ကျား (၁၈)ဦး မ (၃၈)ဦး စုစုပေါင်း (၅၆)ဦးတို့အား သောက်ဆေးလိမ်းဆေးပေးခြင်း ဆေးစည်း ဆေးကပ်ပေးခြင်း ဆောင်ရန်ရှောင်ရန်နှင့် ကျန်းမာရေးဖြင့် ညီညွှတ်စွာ နေထိုင်စားသောက်မှုပုံစံ တို့အား ပြောကြားခြင်းဖြင့် အခမဲ့ ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။