အခမ်းအနားတွင် သဘာပတိအဖြစ် ဆေးရုံအုပ် ဦးဇော်မိုးထွေး ကဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဒေါ်မို့မို့အောင် အထက်တန်း (သူနာပြု)က ဆောင်ရွက်ခဲ့ပြီး လက်ကပ်ရောဂါစာတမ်းအား သိမ်ဆိပ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးစောလှထူးကျော်နှင့် ကျိုက်ထိုမြို့နယ်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်မွန်စိုး တို့ကဖတ်ကြားကာ အခမ်းအနားသို့ ဆရာ/ဆရာမ( ၁၄) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။