ရခိုင်ပြည်နယ် သံတွဲခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်ဦးစီးဌာနမှူးဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ၂၃-၉-၂၀၂၃ ရက်နေ့တွင် နန်းချောင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာတွင် လူကြီးကျား ၃၂ဦး လူကြီးမ ၄၅ဦး ကလေးကျား ၃ဦး ကလေးမ ၅ ဦး စုစုပေါင်း ၈၅ ဦးအား ဆေးကုသပေးခဲ့ပြီး ပြည်သူလူထု ၈၅ ဦးအားကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။