ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၉.၉.၂၀၂၃ ရက် အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီမှ နေ့လယ် ၃:၃၀ နာရီအချိန်အထိ တံတားမြို့၊ စင်မကော်ကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား လူဦးရေ(၃၀)ဦးအား ကျန်းမာခြင်း မကျန်းမာခြင်းကိုဖြစ်စေသော အကြောင်းတရားလေးပါး အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပြီး အမျိုးသား လူနာ(၁၇)ဦး၊ အမျိုးသမီးလူနာ(၄၈)ဦးနှင့် ကလေးလူနာ(၄)ဦး စုစုပေါင်းလူနာ (၆၉)ဦး တို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


