the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး၊ တိုင်းရင်း​ဆေးပညာဦးစီးဌာန၊ တိုင်းရင်း​ဆေးပညာဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ၁၈-၉-၂၀၀၃ ရက်​နေ့တွင် ကြို့ပင်​ကောက်မြို့နယ် ဘန့်​ဘွေးကုန်း​ကျေးရွာ (အ.မ.က)​ကျောင်း၌ ဇီးကုန်းမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူးဦး​အောင်ညိုမှ တိုင်းရင်း​ဆေးအ​​​​ကြောင်းသိ​ကောင်းစရာနှင့်နွယ်မြက် သစ်ပင်​ဆေးဖက်ဝင်ပုံအ​ကြောင်းကို တက်​ရောက်သူကျား(၃၅)ဦး မ(၄၀)ဦး စုစု​ပေါင်း(၇၅)ဦးတို့အား ပညာ​ပေး​ဟော​​ပြောခဲ့ပြီး ကြို့ပင်​ကောက်မြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ဦးသက်လုံဦး၊​ဇီးကုန်းမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ဦး​အောင်ညိုနှင့် အုတ်ဖိုမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါငြိမ်းငြိမ်းစိုးတို့ပူး​ပေါင်း၍​ ဆေးကုသမှု​ဆောင်ရွက်​ပေးခဲ့ရာကျား(၃၀)ဦး မ(၃၅)ဦး စုစု​ပေါင်း(၆၅)ဦးအား အခမဲ့ကွင်းဆင်း​ဆေးကုသမှု​ပေးခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း