မကွေးတိုင်းဒေသကြီး မကွေးခရိုင် မိကျောင်းရဲတိုင်းရင်ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဦးဝင်းမော်ထွန်းသည် ၁၈.၉.၂၀၂၃ ရက်နေ့တွင် မကွေးမြို့နယ် အင်ဦးအ.လ.ကကျောင်း၌ ကျောင်းသူ/ကျောင်းသားနှင့် ဆရာ/ဆရာမ ၁၄၁ ဦးတို့အား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း သန့်လေးသန့်နှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းပညာပေးဟောပြောခဲ့ပြီး လူနာ ၃၀ ဦးအား တိုင်းရင်းဆေးဖြင့်အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။