ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့်၊ အကြီးတန်း တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိတင်တင်ဦး၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း၊ ရုံးအကူ ဒေါ်စီစီမြင့် တို့ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၁၈.၉.၂၀၂၃)ရက်(တနင်္လာနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်း၌ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ၊ အမျိုးသမီးများအတွက် ဓမ္မတာမမှန်ခြင်းအကြောင်းအရာ ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာကျား (၁)ဦး၊ မ (၄၇)ဦး၊စုစုပေါင်း (၄၈)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။