the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တိုင်းရင်းဆေးကုဌာန၌ လက်ကပ်ရောဂါ ခေါင်းစဉ်ဖြင့် တိုင်းရင်းဆေးပညာစဉ် ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme ကျင်းပခြင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ပြည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်မှ ဆောင်ရွက်ပြီး အခမ်အနားမှုးအဖြစ် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဝင်းမှ ဆောင်ရွက်ကာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ရွှေ​တောင်မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်နီလာမြင့်မှ လက်ကပ်ရောဂါ စာတမ်းကို ဖတ်ကြားတင်ပြခဲ့ပြီး အခမ်းအနားသို့  တက်ရောက်သူ ဦးရေမှာ (၁၇)ဦး ရှိပါကြောင်းနှင့် တက်ရောက်သူများ၏ ဆွေးနွေးအကြံပြုချက်များကို အကြီးတန်းစာရေး ဒေါ်ဝေမာထွန်းက မှတ်တမ်းတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ