ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ (၁၅.၉.၂၀၂၃) ရက်(သောကြာနေ့)တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့် ဦးဆောင်၍ အကြီးတန်း တိုင်းရင်းဆေးမှူး ဒေါ်ရီရီလှ၊ အကြီးတန်းတိုင်းရင်းဆေးမှူး ဦးမြင့်ကျော်ဦး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သဥ္ဇာထွန်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ယဥ်မွန်ချို၊ ဒုတိယသူနာပြုအုပ် ဒေါ်သန်းမြင့်၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း၊ ရုံးအကူ ဒေါ်စီစီမြင့် တို့ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အောင်မြေသုခ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ တစ်ကိုယ်ရေးသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်း ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာကျား (၆၀)ဦး၊ မ(၁၄၁)ဦး ၊စုစုပေါင်း (၂၀၁)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။