ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် ၁၄-၉-၂၀၂၃ ရက်နေ့၊ ကျန်စစ်သားရပ်ကွက်၊ အောင်တော်မူ ကျောင်းတိုက်ရှိရိပ်သာ၌ တရားစခန်းဝင်ယောဂီများကို တိုင်းရင်းဆေးဖြင့်အခမဲ့ ကွင်းဆင်းဆေးကုသ ပေးခဲ့ရာတွင် လူကြီး ကျား(၁၆)ဦး၊ လူကြီး မ( ၄၂ )ဦး၊ စုစုပေါင်း (၅၈) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။