ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ၁၃-၉-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်အေးအေးချစ်သည် ခေတ္တရာဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသရာ ကျား(၆)ဦး မ(၁၂)ဦး စုစုပေါင်းဘိုးဘွား(၁၈)ဦးအား အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။