ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၀.၉.၂၀၂၃ ရက် တနင်္ဂနွေနေ့ နံနက် ၁၀◌း၀၀ နာရီမှ နေ့လယ် ၁:၃၀နာရီအချိန်အထိ တွံတေးမြို့ စမ်းရွာကျေးရွာ၌ ကျေးရွာသူရွာသားများ လူဦးရေ(၃၃)ဦးအား` တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များ' အကြောင်းအသိပညာပေးဟောပြော၍ ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကျားလူကြီး(၁၂)ဦး ၊မလူကြီး(၁၈)ဦး၊ ကျားကလေး(၁)ဦး၊မ-ကလေး(၂)ဦး လူနာစုစုပေါင်း(၃၃)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေး ကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။