ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံမြို့ ကျိုင်းတုံခရိုင်၊ တိုင်းရင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ၁၀-၉-၂၀၂၃ ရက်နေ့ နံနက် ၉း၃၀ နာရီမှ ၁၁း၃၀ နာရီအထိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးကျောင်း၌ ကွင်းဆင်းကုသခြင်းဆောင်ရွက်ရာ သင်တန်းသူ (၆၀)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြီး မိုးရာသီတွင်ဖြစ်တတ်သောရောဂါများနှင့်ကျန်းမာအောင်နေထိုင်နည်းအကြောင်း ကို ဆေးရုံအုပ်ဦးမြင့်ခိုင်မှဆွေးနွေးပြီး၊ ဆေးဖက်ဝင်အပင်များအကြောင်း ဒုတိယဆေးရုံအုပ်ဦးဆန်းလှိုင်မှ ဆွေးနွေးခဲ့ပြီး မီးယပ်ရောဂါအကြောင်းကို မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမြမြဖြူမှ ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



