မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်း ကြီးကြပ်ရေးအဖွဲ့မှကြီးမှူး၍ (၉-၉-၂၀၂၃) ရက်နေ့ တွင် မကွေးတိုင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး၊ မကွေးမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆရာမများနှင့် မင်းဘူးမြို့နယ် တိုင်းရင်းဆေးမှူးတို့ပါဝင်သော အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေး ကုသမှုဆောင်ရွက်ခဲ့ရာတွင် ကျား(၆၉)ဦး၊ မ(၁၁၂)ဦး၊ စုစုပေါင်းလူနာဦးရေ(၁၈၁)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။