မန္တလေးတိုင်းဒေသကြီးကျောက်ပန်းတောင်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ၈-၉-၂၀၂၃ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်သောအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ သုံးဆူတန်းကျောင်းတိုက်တွင် ယောဂီ(၅၀)ဦးအားရောဂါကြီး၆မျိုးအကြောင်းပညာပေးဟောပြောခဲ့ပြီး လူဦးရေ (၃၁)ဦးအားအခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။