ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင် သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၆.၉.၂၀၂၃ရက် နံနက်၁၀နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမော်သည်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန/ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို သဲကုန်းမြို့နယ်အထက(ခွဲ)အင်ပင်လှစာသင်ကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အကြောင်းအသိပညာပေးဟောပြောဆွေးနွေးပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။