၁။ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် လက်ထောက်တိုင်းရင်းဆေးမှူး (လစာနှုန်း၊ ၂၁၆၀၀ဝိ-၂၀၀၀-၂၂၆၀၀ဝိ)ရာထူး (၁၀၀)နေရာအတွက် အောက်ပါအရည်အချင်းသတ်မှတ်ချက်နှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
(ခ) မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M) ရရှိပြီးသူများ လျှောက်ထားနိုင်သည်။
(ဂ) (၃၁-၈-၂၀၂၃) ရက်နေ့တွင် အသက် (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဃ) ဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
၂။ လျှောက်ထားသူသည် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲ တင်ပြရမည်-
(က) ကိုယ်တိုင်ရေးလျှောက်လွှာနှင့် ကိုယ်ရေးမှတ်တမ်းအကျဉ်း၊
(ခ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊
(ဂ) ပညာအရည်အချင်းအထောက်အထားအတွက် ဘွဲ့လက်မှတ်နှင့် ဘွဲ့လက်မှတ်အပ်နှင်းခြင်း မပြုရသေးသူများအတွက် အလုပ်သင်ပြီးဆုံးကြောင်း ထောက်ခံစာမိတ္တူ၊
(ဃ) (၆)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ၊
(င) အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်/
ကျေးရွာအုပ်ချုပ်ရေးမှူး/ ရဲစခန်းတို့၏ ထောက်ခံချက်မူရင်း၊
(စ) အမြဲတမ်းနေရပ်လိပ်စာနှင့် ဖုန်းနံပါတ်၊