the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ အကြီးတန်းတိုင်းရင်းဆေးမူး ဒေါ်ချောထက် ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမူး ဒေါ်သဉ္ဇာထွန်း ဒုတိယတိုင်ရင်းဆေးမူး ဒေါ်ခင်သန္တာ​ငြိမ်း အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း ရုံးအကူဒေါ်စီစီမြင့်တို့ပါဝင်သောအဖွဲ့သည် ၂၂.၈.၂၀၂၃ရက်(​ဗုဒ္ဓဟူး)နေ့တွင် ဗဟန်းမြို့နယ် ဗိုလ်ချို(၂)ရပ်ကွက် လူမူဝန်ထမ်းအမျိုးသမီးသက်မွေးကျောင်း၌ နေ့လည်(၁၂)နာရီမှ ညနေ(၃)နာရီထိ သွေးလွန် တုတ်​​​ကွေးခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း လူနာကျား (၁)ဦး မ (၄၇)ဦး စုစုပေါင်း (၄၈ ) ဦး တို့အား အခမဲ့ကွင်းဆင်းဆေးကုသမူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း