ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက်ဦးဆောင်သောအဖွဲ့သည် မြို့နယ်ကျန်းမားရေးဦးစီးဌာနအဖွဲ့နှင့် ပူပေါင်း၍ ကျောင်းကျန်းမာရေး သတင်းပတ်လှုပ်ရှားမှုအနေဖြင့် ၁၈.၈.၂၀၂၃ ရက်နေ့ အထက(၁)တွင် ကျောင်းကျန်းမားရေး စစ်ဆေးပေးခဲ့ပြီး ကျား ၂၃ဦး မ ၃၅ ဦး ပေါင်း ၅၈ ဦးတို့အား ဆေးကုသမှုပေးခဲ့ပြီး မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သတင်းပတ်လှုပ်ရှားများအနေဖြင့် ကျန်းမာရေးအသိပညာပေးခြင်းအား မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက်မှ တကိုယ်ရေသန့်ရှင်းရေးအကြောင်းအား ကျောင်းသားကျောင်းသူ ၂၅၆ ဦး တို့အား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။