မကွေးတိုင်းဒေသကြီး ခုတင်၅၀ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ဦးကျော်စိန်၊ တိုင်းရင်းဆေးမှူး ဒေါ်သန္တာနွယ်နှင့် ဒေါ်စောအိအိဖြိုးတို့ဦးဆောင်သော အဖွဲ့သည်(၁၈.၈.၂၀၂၃) ရက်နေ့တွင် သမဝါယမစာရင်း ရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၌ ကွင်းဆင်း၍ ပရဆေးပျိုးပင်လှူဒါန်းခြင်း၊ တုပ်ကွေးရောဂါကာကွယ်နည်းများ ဟောပြောခြင်းနှင့် တိုင်းရင်းဆေးတို့ဖြင့်အခမဲ့ကုသခြင်းတို့ကိုပြုလုပ်ခဲ့ပြီး ဟောပြောပွဲတက်ရောက်သူ (၁၃၅)ဦး၊ တိုင်းရင်းဆေးဖြင့်ကုသမှုခံယူသူ ကျား(၃၇)ဦး၊ မ(၈၇)ဦး၊ စုစုပေါင်း(၁၂၄)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။