ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်၊ မအူပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၈-၈-၂၀၂၃ ရက်နေ့တွင် အမှတ် (၁၁)ရပ်ကွက်ရှိ အ၊ထ၊က(၂)၊ မအူပင်၌ မူလတန်းဆင့်ကျောင်းသား/သူ များအား ကျောင်းကျန်းမာစစ်ဆေးရေးအဖွဲ့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ရာ ကျားလူငယ်(၉၅)ဦး မ လူငယ် (၁၁၃) ဦး စုစုပေါင်း(၂၀၈) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။