the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ  မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စံသွယ်နှင့်အဖွဲ့သည် ကုသရေးဦးစီးဌာနကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၄-၈-၂၀၂၃ ရက်နေ့တွင် ရေနံချောင်းမြို့ အ.မ.က(၁)မြို့မကျောင်း၌ ကျောင်းသား/ကျောင်းသူ (၁၈၀)ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းနှင့် ရေချိုးခေါင်းလျှော်ခြင်း နည်းစနစ်များအကြောင်း ပညာပေး ဟောပြော ခဲ့ပြီး (၄၀)ဦးအားတိုင်းရင်းဆေးများဖြင့်အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်းနှင့် ဒုတိယ တိုင်းရင်းဆေးမှုး ဒေါ်ကေဇင်စိုး၊ အထက်တန်းးသူနာပြု ဒေါ်နန်းနုနုအေးတို့ မှ ၅-၈-၂၀၂၃  ရက်နေ့ တွင် အောင်မင်္ဂလာမူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၇၈)ဦးအား  တစ်ကိုယ်ရေသန့်ရှင်းရေးပညာပေး ဟောပြောခဲ့ပြီး၊ ကျောင်းသား(၂၀)ဦး ကျောင်းသူ (၁၇)ဦးအား  တိုင်းရင်းဆေးပညာြဖင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး  တိုင်းရင်းဆေးဝါးများလည်းကိုလည်း လှူဒါန်းခဲ့ပါကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်