ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ၊မာန်အောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမြင့်ဦး တို့သည် ၂၉- ၇- ၂၀၂၃ ရက်နေ့တွင် မာန်အောင်မြို့နယ် သိမ္ဗလအုပ်စု၊ကုန်တန်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာ ကျားလူကြီး (၉) ဦး ၊မလူကြီး (၃၉) ဦး ၊ကလေးကျား (၁) ဦး ၊ကလေးမ (၂) ဦး ၊ စုစုပေါင်း (၅၁) ဦး အားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ကျေးလက်နေပြည်သူ (၅၁) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။