ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရမ်းဗြဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်းလင်းရွှေ သည် ၂၈-၇-၂၀၂၃ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ခမောင်းခြေတိုင် ဘုန်းကြီးကျောင်း၌ ကျား-လူကြီး (၁၅)ဦး၊ ကျား-လူငယ်(၄)ဦးနှင့် မ-လူကြီး(၂၃)ဦး မ-လူငယ်(၂)ဦး စုစုပေါင်း (၄၄) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းကုသပေးခဲ့ပြီး လူဦးရေ(၄၀)ဦး အား ကျန်းမာရေးပညာပေးဟောပြောမှု များ ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။