the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၅) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြားသည့် ညီလာခံဖွင့်ပွဲမိန့်ခွန်း

(၁၅)ကြိမ်မြောက်၊ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံသို့ တက်ရောက် လာကြပါသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားကျန်းမာရေး ကော်မတီ ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အစိုးရ မဟုတ်သော အသင်းအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေးကောင်စီဝင်ဆရာကြီးများ၊ ညီလာခံ ကိုယ်စားလှယ်ကြီးများ၊ ကိုယ်စိတ်နှစ်ပါး၊ ကျန်းမာချမ်းသာ ကြပါစေကြောင်း မေတ္တာပို့သလျက် နှုတ်ခွန်း ဆက်သအပ်ပါတယ်။

        

မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကြီးကို ၂၀၀၀ ပြည်နှစ်ကစပြီး၊ နှစ်စဉ် မပျက်မကွက် ကျင်းပလာခဲ့တာ၊ ယခုနှစ်ဆိုရင် ဆယ်စုနှစ် တစ်စုကျော် ကာလတိုင် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ဒီလို ၁၅ နှစ် ကာလအတွင်း နိုင်ငံ တစ်ဝှမ်းလုံးမှာ ရှိနေကြတဲ့ မြန်မာ့ တိုင်းရင်းဆေးပညာရှင်များ ကျန်းမာရေး ဝန်ကြီးဌာနက တိုင်းရင်းဆေးဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရှင်များ၊ အစိုးရဌာနများမှ တိုင်းရင်းဆေးနဲ့ ဆက်စပ် ပက်သက်တဲ့ တာဝန်ရှိသူများ၊ ပညာရှင်များ ဟာ တစ်နှစ်တစ်ကြိမ် ဆုံတွေ့ခွင့်ရရှိကြတာ ဖြစ်ပါတယ်။ ပြည်သူလူထုကျန်းမာရေးကို တိုင်းရင်းဆေးနဲ့ ထိထိရောက်ရောက် စောင့်ရှောက်နိုင်ဖို့၊ ဆွေးနွေး၊ ညှိနှိုင်းခွင့် ရရှိကြတာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ တွေကိုလည်း၊ ညီလာခံနဲ့ တစ်ဆက်တည်း ကျင်းပနိုင်ခဲ့ပါတယ်။

        

ဒါကြောင့် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံဟာ အနှစ်သာရ အားဖြင့် နိုင်ငံတော်နဲ့ တိုင်းရင်းဆေးသမားတော်များက၊ ပြည်သူလူထု ကျန်းမာရေးကို တိုင်းရင်းဆေးနဲ့ အကျိုးရှိရှိ၊ ထိထိရောက်ရောက်၊ ကျယ်ကျယ် ပြန့်ပြန့် စောင့်ရှောက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ တိုင်းရင်းဆေးပညာရှင် အချင်းချင်းရဲ.၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးခွင့်များလည်း ရရှိမှာ ဖြစ်ပါတယ်။ ဝါရင့် အတွေ့အကြုံများ တဲ့ ဆေးဆရာကြီးများက မျိုးဆက်သစ်တိုင်းရင်းဆေးဆရာများကို၊ အမွေပေး သင်ကြားပေးနိုင်တာ ကြောင့် မျိုးဆက်သစ်ဆေးဆရာတွေအနေနဲ့ ပညာအမွေဆက်ခံခွင့် ရရှိတဲ့ အကျိုးကျေးဇူးတွေကိုပါ ဖြစ်ထွန်းစေပါတယ်။

       

ဒါကြောင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှစ်စဥ် ကျင်းပ နိုင်ခြင်းဟာ နိုင်ငံတော်အတွက်၊ မြန်မာ့ဆေးဆရာပညာရှင်များနဲ့ ပြည်သူ လူထု တစ်ရပ်လုံးအတွက်ပါ၊ အဓိပ္ပါယ်အနှစ်သာရလည်းရှိပြီး တန်ဖိုးကြီးမားတဲ့ စုပေါင်း ညီညွတ်မှု မှတ်တိုင်တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

       

ဒီနေရာမှာ မြန်မာနိုင်ငံနဲ့ မြန်မာ့တိုင်းရင်းဆေးအခန်းကဏ္ဍကို အနည်းငယ် ပြောကြား လိုပါတယ်။ ကျနော်တို့ ပြည်သူတွေဟာ၊ မြန်မာ့တိုင်းရင်းဆေးကို ယုံကြည် အားကိုးသူများ ဖြစ်ကြ ပါတယ်။ မိမိတို့လူမျိုးရဲ. ဘိုးဘွားအမွေအနှစ်ကို တန်ဖိုးထားခြင်း၊ သဘာဝဆေးပစ္စည်းတွေကို အန္တရာယ်နည်းပါးပြီး၊ အာနိသင် ရှိတယ် ဆိုတာကို နှစ်သက်လက်ခံခြင်းနဲ့အတူ၊ ကျနော်တို့ လူမျိုး အများစု ယုံကြည် ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာနဲ့ နီးစပ်နေတဲ့ ဆေးပညာဖြစ်ခြင်းတို့ဟာ၊ ပြည်သူတွေ ယုံကြည်အားထားမှုဖြစ်စေတဲ့ အဓိက အကြောင်းတရားများဖြစ်ကြပါတယ်။

       

ဒါကြောင့်လည်း နိုင်ငံတော်ရဲ.အစိုးရ အဆက်ဆက်၊ တိုင်းရင်းဆေး အခန်းကဏ္ဍကို၊ အလေးအနက်ထားပြီး ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုမှာ ပါဝင်အားဖြည့်ဖို့ ပံ့ပိုးဆောင်ရွက် ပေးခဲ့ ကြပါတယ်။ နိုင်ငံတော်က အားပေးမှုနဲ့အတူ တိုင်းရင်းဆေးပညာရှင် မျိုးဆက်များကလည်း ကြိုးစား အားထုတ်လာကြတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေး ကောင်စီဥပဒေ၊ တိုင်းရင်းဆေးဝါးဥပဒေ၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းတို့ဟာ မြန်မာ့တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်ရေးရဲ. အဓိကမဏ္ဏိုင်ကြီးတွေ ဖြစ်ပါတယ်။ ယနေ့ ခေတ်ကာလမှာ၊ မြန်မာ့တိုင်းရင်းဆေး ပညာရှင်များကို ဒီပလိုမာအဆင့်၊ ဒီဂရီဘွဲ့ရအဆင့်ကနေ၊ မြန်မာ့တိုင်းရင်းဆေး ပညာမဟာဘွဲ့ အဆင့်ထိ လေ့ကျင့်မွေးထုတ်ပေးနိုင်ပြီ ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း တိုင်းရင်းဆေးဝါးတွေအနေနဲ့ အမှုန့်ကနေ ဆေးပြား (tablet)အဆင့်၊ နောက် ဆေးတောင့် (capsule) အဆင့်ထိ၊ ဆေးဝါး ပုံသဏ္ဍန်များ တာရှည်ခံအောင်၊ ဆေးသောက်သုံးမှု အဆင်ပြေအောင်၊ ဆေးချိန် (dosage) စနစ်ကျအောင် ထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ တိုင်းရင်းဆေးဟာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်ကို အဆင့်ဆင့် လျှောက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

      

တိုင်းရင်းဆေးပညာဟာ မိမိတို့လူမျိုးရဲ. ရိုးရာအမွေအနှစ် ဆေးပညာသာ ဖြစ်ပါတယ်။ မိမိတို့ရဲ.ဆေးပညာ၊ မိမိနိုင်ငံမှာ တိုးတက်ရင်ပြီးရောဆိုယုံနှင့် ဒီနေ့ ခေတ်အခါမှာ တင်းတိမ် ရောင့်ရဲနေလို့ မရတော့ပါဘူး၊ ရိုးရာဆေးပညာ ဆိုသော်လည်း၊ တစ်ဘက်မှာ လူသားတွေရဲ. ကျန်းမာရေးကို စောင့်ရှောက်ရတာ ဖြစ်လို့၊ ကမ္ဘာ့နိုင်ငံများရဲ. တိုင်းရင်းဆေးဆိုင်ရာ ကဏ္ဍများမှာ ကူးလူးဆက်ဆံ၊ ပူးပေါင်း ဆောင်ရွက်ကြရတာတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်တာနဲ့အညီ နိုင်ငံရဲ. ကဏ္ဍစုံနဲ့ ပူးပေါင်း၊ ဖလှယ်၊ ရောင်းဝယ် ဖောက်ကား ကြရတာတွေ ရှိပါတယ်။ ဒီလို ဆောင်ရွက်ကြရာမှာ တိုင်းရင်းဆေး ဟာလည်း ကဏ္ဍကြီးတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ၊ တိုင်းရင်းဆေးဝါးများ မှတ်ပုံတင် ရောင်းဝယ်ဖြန့်ဖြူးရေး လုပ်ငန်းများနဲ့ ပတ်သက် လို့ အာဆီယံနိုင်ငံများအတွင်း၊ စံညွှန်းများ သတ်မှတ် ညှိနှိုင်းခြင်း၊ ပညာရပ်ဆိုင်ရာ သုတေသနဆိုင်ရာဆောင်ရွက်မှုတွေကို ပူးပေါင်းဆောင်ရွက် လာရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အခြားနိုင်ငံများနဲ့ ရင်ဘောင်တန်း ပူးပေါင်း ဆောင်ရွက်နိုင်အောင် လုပ်ဆောင် ရတာဖြစ်ပါတယ်။ အာဆီယံနိုင်ငံများ အလှည့်ကျ၊ တိုင်းရင်းဆေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးတွေမှာ မိမိတို့နိုင်ငံရဲ. တိုင်းရင်းဆေးတွေနဲ့ ပတ်သက်ပြီး၊ ဆွေးနွေးမှု၊ ညှိနှိုင်းမှုတွေကို တက်တက်ကြွကြွ ပါဝင် ကြိုးပမ်း ကြရပါတယ်။

       

ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းဆေးနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ်တုန်းက TMHS-PWG လို့ခေါ်တဲ့ Traditional Medicine and Health Supplement Product Working Group ရဲ. အစည်းအဝေး (၂) ကြိမ်၊ ၂၀၁၄ ခုနှစ် မှာ ATFTM (ASEAN Task Force on Traditional Medicine) အဖွဲ့ရဲ. အစည်းအဝေး (၂) ကြိမ်၊ ASEAN Traditional Medicine Conference (၁)ကြိမ်၊ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ခဲ့ပါတယ်။ အဲ့ဒီလို ကျနော်တို့ မြန်မာ့တိုင်းရင်းဆေးဟာ ဒေသတွင်း မိတ်ဆွေအာဆီယံနိုင်ငံများရဲ. တိုင်းရင်းဆေးတွေနဲ့ ပူးပေါင်း ဖလှယ်၊ အပြန်အလှန် ရောင်းဝယ်ဖောက်ကားကြရမယ်ဆိုတာကို၊ တိုင်းရင်းဆေးသမားတော်များနဲ့ တိုင်းရင်းဆေး လုပ်ငန်းရှင်များက မျက်‌ြေခမပြတ် လေ့လာပြီး ကိုယ့်ဆေးပညာ၊ ကိုယ့်ဆေးဝါး အဆင့်မီရေး ကြိုးပမ်း အားထုတ် ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးနဲ့ ပတ်သက်ပြီး တစ်ဆက်တည်း ပြောကြား လိုတာကတော့ အာဆီယံနိုင်ငံများမှာရှိကြတဲ့၊ တိုင်းရင်းဆေးဆိုင်ရာတွေ ဆွေးနွေး ညှိနှိုင်းကြတာဟာ နိုင်ငံတစ်နိုင်ငံချင်း၊ လူမျိုးတစ်ခုချင်းရဲ. တိုင်းရင်းဆေး ပညာရပ်တွေကို အခြားနိုင်ငံများနဲ့ တူညီအောင် ညှိနှိုင်းကြတာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းဆေးပညာ အခြေခံသီအိုရီတွေကို မိိိမိတို့မူပိုင်အဖြစ် ထိန်းသိမ်း ကြရမှာ ဖြစ်ပါတယ်။ တူညီမျှတအောင် ညှိနှိုင်းကြတာက တိုင်းရင်းဆေးဝါးတွေရဲ. အရည်အသွေး(Quality)၊ အန္တရာယ်ကင်းရှင်းမှု(Safety) နဲ့ အာနိသင်ရှိမှု (Efficacy) တွေကို၊ ဘယ်လို “စံ” တွေနဲ့ သတ်မှတ် ကြမလဲ ဆိုတာဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းဆေးဝါးတွေကို ဆေးဝါးပညာရပ် (Pharmacy) ရှုထောင့်က၊ သိပ္ပံနည်းနဲ့ တိုင်းတာ စမ်းသပ်မှုတွေကို “စံ” ညှိနှိုင်း တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ရဲ. မြန်မာ့တိုင်းရင်းဆေးဝါးတွေရဲ. အန္တရာယ်ကင်းရှင်းမှု၊ အရည်အသွေးမီ ကြာရှည်ခံမှု၊ အာနိသင်ဆိုင်ရာ ဖော်ပြချက်တွေဟာ အဲ့ဒီ “စံ” တွေအတိုင်း ဘောင်ဝင်ပြီး မှတ်ကျောက်တင် ခံနိုင်အောင် ကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှသာ အာဆီယံနိုင်ငံများအကြားမှာ၊ မြန်မာ့တိုင်းရင်းဆေးဝါးတွေကို အသိအမှတ်ပြု လေးစားလာမှာ ဖြစ်ပါတယ်။

        

တစ်ဘက်မှာလည်း မြန်မာ့တိုင်းရင်းဆေးပညာရှင်များရဲ. ကုထုံးဆိုင်ရာ ပညာရပ်တွေကို အခြေခံ “စံ” ကုထုံးပြဌာန်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရောဂါအမည်၊ ဆေးအမည်၊ ဆေးပင် ဆေးပစ္စည်းတွေရဲ. အမည်တွေ ကအစ၊ ပြည်သူအများစု နားလည် သိရှိအောင် ဆောင်ရွက်ကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံအနှံ့အပြား လူမျိုးစုံတို့မှာ သက်ဆိုင်ရာရိုးရာ ဆေးပညာများ ရှိကြပါတယ်။ တိုင်းရင်းဆေးသမားတော်များ အကြားမှာ ကုထုံး ဆိုင်ရာ အယူအဆ၊ မူဝါဒ တွေ ကွဲလွဲမှု ဖြစ်‌ေပါ်တတ်ကြပါတယ်။ သို့သော်လည်းပဲ ကွဲလွဲမှုတွေကြောင့် ဆေးဆရာ အချင်းချင်း စည်းလုံးညီညွတ်မှု ထိခိုက်မှုတွေ မဖြစ်အောင် ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ဆေးနည်း ကိုယ့်ရဲ. မှန်ကန်တဲ့ကုထုံးနဲ့ ပြည်သူလူထုရဲ. ကျန်းမာရေးကို စောင့်ရှောက်နိုင်ဖို့သာ အဓိကဖြစ်ပါတယ်။ ဒီနေ့ခေတ်အခါမှာတော့ “မြန်မာ့တိုင်းရင်းဆေးပညာရပ်ရဲ. အဓိပ္ပါယ်ဟာ ဒေသနာနယ၊ ဘေသဇ္ဇနယ၊ နက္ခတ္တနယနဲ. ဝိဇ္ဇာဓရနယဆိုပြီး၊ နယကြီး လေးပါးအနက် တစ်ပါးပါးနှင့့် အကျုံးဝင်သော အသက်ရှည်ရာ အနာမဲ့ကြောင်း ဆေးပညာရပ်ကို ဆိုသည်” လို့ ဆိုတဲ့အတွက် မြန်မာ့ တိုင်းရင်းဆေးပညာရပ်ရဲ. အောက်မှာ အ‌ြေခခံ အကျုံးဝင်နေဖို့တော့ အထူးပဲ လိုအပ်လှပါတယ်။ တိုင်းရင်းဆေးပညာရှင် အမျိုးအစား၊ လေ့လာလိုက်စားမှု အလိုက် နယတစ်ပါးပါး (ဒါမှမဟုတ်) နယတစ်ပါးထက်ပိုပြီး ကျွမ်းကျင်တဲ့ ပညာရှင်များ ရှိနေကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယခုညီလာခံနဲ့ တစ်ဆက်တည်းမှာ နယ လေးပါး အလိုက် လူနာချဥ်းကပ် ရောဂါသတ်မှတ်ပုံ တွေကို ဝါရင့်ဆေးဆရာကြီးများက တင်ပြပြီး ဆွေးနွေးကြမယ့် နှီးနှောဖလှယ်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ ဆေးဆရာ မျိုးဆက်တို့ အမွေလက်ဆင့်ကမ်း ပေးပွဲဆိုလည်း မမှားပါဘူး။ ဒါကြောင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ချစ်ခင်ရင်းနှီး၊ စည်းလုံးမှုကို မထိခိုက်စေပဲ၊ ပညာရပ်ဆိုင်ရာ၊ ကုထုံးဆိုင်ရာတွေကို အကျိုးဖြစ်ထွန်းအောင်၊ နှီးနှော ဖလှယ် နိုင်ကြပါလို့ တိုက်တွန်းအပ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောကြားချင်တာကတော့ -

- ကျနော်တို့ ပြည်သူတွေဟာ မြန်မာ့တိုင်းရင်းဆေးကို အားကိုး အားထား ပြုကြပါတယ်။

- မြန်မာ့တိုင်းရင်းဆေး စနစ်တကျဖွံ့ဖြိုးတိုးတက်နေဖို့ လိုအပ်ပါတယ်။

- မြန်မာ့တိုင်းရင်းဆေးဟာ ကိုယ့်နိုင်ငံတစ်ခုအတွင်းမှာပဲ ရပ်တည်နေတာ မဟုတ်ဘဲ ဒေသတွင်း အာဆီယံနိုင်ငံများနဲ့ ရင်ဘောင်တန်း၊ ကူးလူးဆက်ဆံ ရတော့မှာဖြစ်ပါတယ်။ ဒိထက်ပိုပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ရည်မှန်းဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးဖွံ့ဖြိုး တိုးတက်နေအောင်၊ နိုင်ငံတော်အစိုးရအနေနဲ့ ထာဝစဥ်ပံ့ပိုး၊ စီစဥ်အားပေး နေမှာ ဖြစ်ပါတယ်။

- ဒါကြောင့် ယခုညီလာခံမှာ တက်ရောက်လျက်ရှိနေကြတဲ့ တိုင်းရင်းဆေး သမားတော်နဲ့ ပညာရှင်များ ပါဝင်နေသည့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေး ဆရာအသင်း၊ တိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များ အားလုံးဟာ တိုင်းရင်းဆေး ဆိုင်ရာ ဥပဒေများနဲ့အညီ၊ စည်းကမ်းတကျ စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက် အားထုတ်ကြိုးပမ်းကြ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ