ကချင်ပြည်နယ် မိုးညှင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် မိုးညှင်းမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ မိုးညှင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်း၊ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ထွန်းတို့သည် ၁၈.၇.၂၀၂၃ ရက်နေ့တွင် အ.မ.က.နမီးစုကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွင် တိုင်းရင်းဆေးပညာအခြေခံသဘောတရားများ ကံ၊စိတ်၊ဥတု၊ အာဟာရအကြောင်း အသိပညာ ပေးဟောပြောခဲ့ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းဆောင်ရွက်ရာတွင် ကျား- ကလေး (၃၇)ဦး၊ မ (၄၉)ဦး စုစုပေါင်း (၈၆)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ခဲ့ပါကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။