ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးသိန်းဌေးအောင်သည် ၂၆-၇- ၂၀၂၃ ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်တွေ မြို့နယ် ဇောဘူဂျာကျေးရွာနှင့် မောင်နီပြင်ကျေးရွာများ၌ စုစုပေါင်း (၂၅၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခဲဲကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။