the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် " ထိပ်ကပ်နာရောဂါ နှင့် တိုင်းရင်းဆေးပညာ" ခေါင်းစဉ်ဖြင့် CTME အခမ်းအနား ကျင်းပခြင်း

အဆိုပါအခမ်းအနားတွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးပညာဦးစီဌာန ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း)၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ ဒုတိယဥက္ကဌဆရာကြီး ဦးပေါညိမ်းနှင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ မြန်မာနိုင်‌ငံတိုင်းရင်းဆေးဆရာအသင်း(တာ၀န်ခံ) ဆရာကြီးဦးခင်မောင်ဝင်းတို့က ဆောင်ရွက်ခဲ့ပြီး အခမ်း အနားမှူးအဖြစ် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ  ဒုတိယတိုင်ရင်းဆေးမှူး ဒေါ်မိခင် ယမင်းဟန်နှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးအေးအောင် တို့က ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ ထန်းတပင်မြို့နယ်မှ စာတမ်းရှင် ဒုတိယ တိုင်းရင်းဆေးမှူး  ဒေါ်ဟေမာသန်းထွန်းက ထိပ်ကပ်နာရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြား ဆွေးနွေးပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ/ဆရာမ (၁၀)ဦး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆရာကြီး (၇)ဦး၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဆရာ၊ ဆရာမ (၁၁)ဦး၊ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ဆရာမ (၃၂)ဦး စုစုပေါင်း (၆၀)ဦး တက်ရောက် ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

 စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာဦးမောင်မောင်ဦး ဂရိတ်ဝေါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝိ/-)၊ ဆရာကြီးဦးအောင်မြတ်ကျော် မဟိဒ္ဓိတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ချီးမြှင့်ငွေကျပ် (၁၀၀,၀၀ဝိ/-)၊ ဆရာကြီး ဦးပေါညိမ်း ကံသာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ချီမြှင့်ငွေကျပ် (၅၀,၀၀ဝိ/-)၊ ဆရာကြီးဦးခင်မောင်ဝင်း ရွှေမန်းတောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ချီးမြှင့် ငွေကျပ် (၅၀,၀၀ဝိ/-) တို့ကို ဆုချီးမြှင့်ခဲ့ကြပါသည်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာဦးမောင်မောင်ဦး ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ပံ့ပိုးကူညီခဲ့ကာ အခမ်းအနားကို ညနေ (၄:၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ