ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်၀င်း၀င်းမြိုင်သည် ၂၄-၇-၂၀၂၃ ရက်နေ့တွင် အထက (၁) တောင်ကုတ်မြို့၌ ကျား-လူကြီး(၃၀)ဦး၊ မ (၃၅)ဦး၊ ကျား-လူလေး (၁၀) ဦး မ ကလေး (၁၅)ဦး စုစုပေါင်း (၉၀)ဦး အား ၀မ်းပျက်၀မ်းလျောရောဂါအကြောင်း ပညာပေးဟောပြောခဲ့ပြီး ကျား (၄၀)ဦး၊ မ (၅၀)ဦး စုစုပေါင်း(၉၀)ဦးတို့အား အခမဲ့ဆေးကုသခြင်း ကျောင်းကျန်းမာရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။