the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၄)ကြမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံဒုတိယဝန်ကြီး ဒေါက်တာသန်းအောင် ၏မိန့်ခွန်း

(၁၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံသို့ တက်ရောက် လာပါသော ညီလာခံကိုယ်စားလှယ်ကြီးများ၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း၊ ဆုတောင်းမေတ္တာပို့သလျက် နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး ကျင်းပလာခဲ့တဲ့၊ ကျနော်တို့ မြန်မာတိုင်းရင်းဆေးသမားတော်များ ညီလာခံကြီးဟာ ယခုနှစ်ဆိုလျှင် (၁၄)ကြိမ်မြောက်၊ နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ တိုင်းရင်းဆေး ဆရာကြီး၊ ဆရာမကြီး များနဲ့ တိုင်းရင်းဆေးပညာရှင်များ ဆုံဆည်းနိုင်ခဲ့တဲ့ အခမ်းအနားကြီးပဲ ဖြစ်ပါ တယ်။ ဒါကြောင့် အခုလို အေးမြကြည်လင်လှတဲ့ အခါသမယ၊ နေပြည်တော်မှာ ကျန်းမာရွှင်လန်းစွာ တွေ့ဆုံ စုဝေးနိုင်ခြင်း အတွက် ကျနော်တို့ ဝမ်းသာ ပီတိဖြစ်ရသလို ကိုယ်စားလှယ်ကြီးများလည်း ပျော်ရွှင်တက်ကြွ နေကြမယ်လို့ ယုံကြည်မိပါတယ်။

 

ယခုလို ညီလာခံ အဆက်ဆက်မှာ တိုင်းရင်းဆေးသမားတော်ကြီးများဟာ မြန်မာပြည်သူ တို့ရဲ. အသက်ရှည်ရာ အနာမဲ့ကြောင်းတည်း ဟူသော ကျန်းမာရေးသုခကို အဓိကဖြည့်ဆီး ပေးနိုင်ကြဖို့ ဆွေးနွေး၊ တိုင်ပင်၊ ညှိနှိုင်း ခဲ့ကြ တာပဲ ဖြစ်ပါတယ်။ ပြည်သူ့ ကျန်းမာရေးကို စောင့်ရှောက်တယ် ဆိုတဲ့ နေရာမှာ နေမကောင်းလို့ ဆေးကုပေးတာ တစ်ခုတည်း မဟုတ်ပါဘူး။ ရောဂါကာကွယ်ဖို့၊ ပညာပေးဖို့၊ ပရဆေးအရင်းအမြစ်တွေ ထိန်းသိမ်း စောင့်ရှောက်တိုးပွားစေဖို့၊ ဘိုးဘွားအမွေ ရှေးဟောင်းဆေးကျမ်း၊ ပေ၊ ပုရပိုက်တွေ ရှာဖွေစုဆောင်းဖို့ --- လုပ်ငန်း ဆောင်တာတွေများပြားလှပါတယ်။ အဲ့ဒီလို လုပ်ငန်းဆောင်တာတွေကို အကောင်အထည် ဖော်နိုင်ရေးအတွက် တိုင်းရင်းဆေးပညာရှင်အပေါင်းတို့ ဆုံဆည်းခိုက် ညှိနှိုင်းတိုင်ပင် နှီးနှောနိုင်ကြဖို့ အဆိုတင်သွင်းကြရသလို ထောက်ခံဆွေးနွေးမှုတွေကို ဆောင်ရွက်ခဲ့ကြရပါတယ်။ ယခု (၁၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကြီးမှာလည်း မျက်မှောက်ခေတ် ကာလနဲ့ လိုက်လျော ညီထွေစွာ၊ ဆောင်ရွက်ဖွယ်ရာတွေ ဆောင်ရွက်နိုင်ကြဖို့ အဆိုပြုချက်၊ ထောက်ခံဆွေးနွေးချက်များကို တင်ပြ ဆွေးနွေး နိုင်ကြမှာ ဖြစ်ပါတယ်။

 

ကျနော့် အနေနဲ့ တိုင်းရင်းဆေးသမားတော်များရဲ. စည်းလုံးညီညွတ်မှု အင်အားကို အခြေခံပြီး၊ အပြုသဘောဆောင်တဲ့ အဆိုပြုခြင်း၊ ထောက်ခံခြင်းများ ကြည်နူးရွှင်ပြစွာ ဆွေးနွေးနိုင်ကြပါစေကြောင်း မေတ္တာပို့လျက် ညီလာခံအစီအစဉ်များ ဆက်လက် ဆောင်ရွက်နိုင်ရေး အခမ်းအနားမှူးအား လွှဲပြောင်း ပေးအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ