the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန တောင်ကြီးမြို့ (အေးသာယာ) ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် “ထိပ်ကပ်နာရောဂါ” ခေါင်းစဉ်ဖြင့် CTME အခမ်းအနားကျင်းပခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ နံနက် (၀၉:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တောင်ကြီးမြို့ (အေးသာယာ) ခုတင်(၅၀)ဆံ့ ဆေးရုံအုပ် ဆရာမကြီး​ဒေါ်​အေး​အေးသိန်း(​ငြိမ်း)က ဆောင်ရွက်ကာ အခမ်းအနားမှူးအဖြစ် (အေးသာယာ) ခုတင်(၅၀)ဆံ့ ဒုတိယ တိုင်းရင်း​ဆေးမှူး၊ ​ဒေါ်​မေသူစိုး က ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ ​ဒေါ်စကားဝါက ထိပ်ကပ်နာ စာတမ်းကို ဖတ်ကြားပြီး ဆရာ/ဆရာမများနှင့်စိတ်ပါဝင်စားသူ(၄၁)ဦး တက်​ရောက်၍ အကြံပြုခြင်း၊ ​ဆွေး​နွေးခြင်းများ ​ဆောင်ရွက်ကြပြီး နံက် ၁၀ : ၀၀ နာရီတွင် အခမ်းအနားရုတ်သိမ်းပါခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ