the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကရင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်အခမ်းအနား

အခမ်းအနားတွင် သဘာပတိအဖြစ်  ပြည်နယ်ဦးစီးဌာနမှူး ဒေါ်စိုးစိုးယဉ်နှင့် တွဲဖက်သဘာ ပတိအဖြစ် ဒေါ်ကြည်ကြည်ဌေး ခုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံ၏ဆေးရုံအုပ်(ငြိမ်း)၊ အခမ်းအနားမှူးအဖြစ် ခုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံမှ ‌ဒေါ်နန်းမင်းမင်းအေး အထက်တန်း သူနာပြုတို့ မှ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ထိပ်ကပ်နာရောဂါစာတမ်းကို ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဌေးဌေးနွယ်က ပြုစုရေးသား၍ ဘားအံခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသဉ္ဇာဝင်းမှ ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများမှ စာတမ်းအား ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြပါသည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်တိုင်းရင်းဆေးဆရာအသင်းခွဲမှ ဆရာ/ဆရာမများ၊ တိုင်းရင်းဆေးရုံနှင့် ပြည်နယ်၊ခရိုင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ဆရာဆရာမများစုစုပေါင်း (၂၆) ဦး တက်ရောက်ခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ