တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education Programme (CTME) အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်က တနင်္သာရီတိုင်းဒေသကြီး (၂၅)ခုတင်ဆံ့ မြိတ် တိုင်းရင်းဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) အဖွဲ့ဝင် ဆရာကြီးဦးတင်ဝင်းမှ ဆောင်ရွက်ခဲ့ ပါသည်။ ထိပ်ကပ်နာအကြောင်း စာတမ်းကို မြိတ်ခရိုင် တိုင်းရင်းဆေး ပညာဦးစီးဌာန ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာကြူက ဖတ်ကြားတင်ပြကာ စိတ်ပါဝင်စားသူ များမှ ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို စုစုပေါင်းတက်ရောက်သူ (၁၀)ဦးရှိပြီး နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။