the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မာဦးနှင့် အကြီးတန်းစာရေးဒေါ်ခင်မေသက်တို့အဖွဲ့သည် ၁၉-၇-၂၀၂၃ ရက် ဗုဒ္ဓဟူးနေ့တွင် နေ့လယ် ၁း၀၀ နာရီမှ ၃း၀၀ နာရီအထိ ကျောက်ပန်းတောင်း မြို့ရှိ သဒ္ဓမ္မနန္ဒီသီလရှင် ကျောင်းတိုက်၌  ရောဂါကြီး (၆) မျိုးအကြောင်း  ကျန်းမာရေးအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ရာတွင် တက်ရောက်သူ (၅၀)ဦးနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း  အမျိုးသမီးလူနာ  မလူကြီး(၁၅)ဦး  မလူငယ် (၃)ဦး စုစုပေါင်း(၁၈) ဦးတို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်