မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တိုင်းရင်းဆေကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စုစုဝင်းနှင့် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့အဖွဲ့သည် ၁၇-၇-၂၀၂၃ရက်နေ့တွင် ကျောက်ဆည်မြို့နယ်သပြေသာမူလွန်ကျောင်း၌ ကျောင်းသူ/ကျောင်းသား(၁၂၀)ဦးအား ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး(၈၉)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။