တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေသည် ၁၆-၇-၂၀၂၃ နေ့တွင် ဝင်္ဂဘာတောရ ကျောင်း၌ ကျင်းပပြုလုပ်သော စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် Medical Cover ဆောင်ရွက်ခဲ့ရာ ကျား ၉ ဦး မ ၈ဦး စုစုုပေါင်း ၁၇ ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာစောင့်ရှောက်မှု့ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။