the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး (၂၅)ခုတင်ဆံ့ ပြည်တိုင်းရင်းဆေးရုံ၌ ထိပ်ကပ်နာရောဂါခေါင်းစဉ်ဖြင့် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ်ကျင်းပခြင်း

အဆိုပါအခမ်းအနားတွင် ဆရာကြီးဦလှစီက သဘာပတိအဖြစ်ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ် ဒုတိယတိုင်းရင်းဆေးမှူးနှင့် ဒေါ်သဇင်အေးနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် လ/ထတိုင်းရင်းဆေးမှူး ဒေါ်ဇာလီဝင်းတို့က ဆောင်ရွက်ကြကာ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တိုင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ဒေါ်တင်နွယ်နွယ်ဝင်း ထိပ်ကပ်နာအ​ကြောင်း​လေ့လာခြင်း စာတမ်းကို ဖတ်ကြားတင်ပြ ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ နတ္တလင်းခရိုင်​၊ ပေါင်းတည်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ ဆရာဦး​နေဝင်း၊ ပြည်ခရိုင် တိုင်းရင်း​ဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ​ဒေါ်ခိုင်ဝါဝါ​အောင်၊ (၁၆)ခုတင်ဆံ့ ကြို့ပင်ကောက် တိုင်းရင်း​ဆေးရုံမှ​ ဆေးရုံအုပ် ဒေါ်နှင်းထိုက်တိုး၊ နတ္တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညိုတို့မှ အသီးသီးဆွေး​နွေး​ခဲ့ကြပြီး အခမ်းအနားကို စုစုပေါင်း တက်ရောက်သူ(၂၃)ဦးရှိပြီး နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ