မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်မူမူခင်နှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်းတို့ပါဝင်သော အဖွဲ့သည် (၁၃.၇.၂၃)ရက်နေ့တွင် ရေနံချောင်းမြို့သစ် တပွေရပ်အေးသီတာဘိုးဘွားရိပ်သာ၌ အဘိုး/ အဘွား(၂၄)ဦးအား တိုင်းရင်းဆေးပညာ ဖြင့်အခမဲ့ ကျန်း မာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။