the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ​ကျိုက်လတ်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုးလင်းသည် ​(၁၂.၇.၂၀၂၃) ရက်​နေ့တွင် ​ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အ.ထ.က(၃) ကျိုက်လတ်မြို့၌ ကျောင်းကျန်းမာရေးပညာပေးကွင်းဆင်း​ခဲ့ရာတွင်ကျား(၂၀) ဦး ၊မ( ၃၉) ဦး စုစု​ပေါင်းလူနာ  (၅၉ဦး) အား ကွင်း​ဆင်း​ဆေး​ကုသ​ပေးခဲ့ပြီး ကျန်းမာခြင်းသည် လာဘ်တပါးခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ(၂၀၀)ဦးနှင့် ဆရာ/ဆရာမ(၃၃)ဦး စုစုပေါင်း(၂၃၃)ဦးအား ကျန်းမာ​ရေးအသိပညာ​ပေး​ဟော​ပြောခဲ့ ကြောင်း သိရှိရသည်။

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်