ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၂.၇.၂၀၂၃) ရက်နေ့တွင် အမှတ်(၁)ရပ်ကွက်၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၁၀)ဦး၊ မ(၄၅)ဦး စုစုပေါင်းလူနာ(၅၅)ဦး အား ကွင်းဆင်းကုသပေးခဲ့ပြီး အဖျားရောဂါအကြောင်းကို လူဦးရေ (၂၀)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။