the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်မာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သောအဖွဲ့သည် ၁၂.၇.၂၀၂၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၂:၀၀ နာရီအထိ၊ အထက - ၁၊ ခရမ်းမြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး  ကုသခံ ဦးရေမှာ ကလေး ကျား (၁၈) ဦး၊ ကလေး မ (၁၅) ဦး၊ စုစုပေါင်း (၃၃) ဦးအား ဆေးကုသမှုပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရမ်းမြို့နှင့် ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲတွင် ကျန်းမာရေးအသိပညာပေးခြင်းအနေဖြင့် မြို့နယ်တိုင်းရင်း ဆေးမှုး ဒေါ်လှမြတ်ထက်မှ တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများသိကောင်းစရာအချက်များကို ကျောင်းသား/ ကျောင်းသူ (၁၅၀) ဦးအား တိုင်းရင်းဆေးပညာဖြင့်အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်