ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် (၁၁၊၇၊၂၀၂၃)ရက် နံနက်(၉း၀၀)နာရီမှ နေ့လယ်(၁၂း၀၀)နာရီထိ၊ အံကြီးအရှေ့ရပ်ကွက်၊ ဇိတံမေကျောင်းတိုက်၌ အံကြီးအရှေ့ရပ်ကွက်၌ လူကြီး(ကျား)၂၃ဦး၊ လူကြီး(မ)၁၈ဦး၊ စုစုပေါင်း (၄၁)ဦး တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးပြီး အများဆုံးကုသပေးခဲ့သောရောဂါမှာ ဒူးနာ၊ခါးနာ၊ဇက်နာ၊ထုံကျဥ်၊ လေငန်း၊ကျီးပေါင်းရောဂါတို့ဖြစ်ကြောင်းတွေ့ရှိရပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်မှ ကံ၊စိတ်၊ဥတု၊အာဟာရ ညီညွတ်မျှတမှ ကျန်းမာခြင်းသုခနှင့် ပြည့်စုံရခြင်းကို တိုင်းရင်းဆေး ပညာအမြင်ဖြင့် ပညာပေးဟောပြောရာ လူဦးရေစုစုပေါင်း (၄၁)ဦးအား ပညာပေးဟောပြောပေးခဲ့ကြောင်း သိရှိရ သည်။