ပဲခူးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုနှင့် နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးအောင်ညို မြို့နယ်တိုင်းရင်းဆေးမှူးသည် (၁၁-၇-၂၀၂၃) ရက်နေ့တွင် ဇီးကုန်းဘိုးဘွားရိပ်သာ၌ ပုံမှန်ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ အဘိုး(၃)ဦးနှင့် အဘွား(၂) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။